"Photoshop မှာ အသုံးပြုတဲ့ File Format လေးတွေရဲ့အသုံးပြုပုံများ"
** ဒီနေ့မှာတော့ Photoshop အသုံးပြုတဲ့အခါ အသုံးများတဲ့ Files Format လေးတွေအကြောင်းကို Share ပေးချင်ပါတယ်။ အများအားဖြင့် Photoshop မှာ (Layered Files နှင့် Standard Web Files) ဆိုပြီး Image Files Format နှစ်ခုရှိပါတယ်။ နောက်ပြီးတော့လဲ 16-bit images, 32-bit images ဆိုပြီးတော့လဲရှိတယ်။ ထားပါတော့ ဒီမှာတော့ အသုံးများတဲ့ Photoshop Files Format လေးတွေအကြောင်းပဲပြောပြပေးသွားမှာဖြစ်ပါတယ်။ ** အဲ့တော့ .. 1.) Layered Files ထဲမှာဘာ Format တွေပါသလဲဆိုတော့ ... .PSD, .PSB, .TIF တို့ပါ၀င်ပါတယ်။ 2.) Standard Web Files ထဲမှာတော့ ... .JPG, .PNG, .GIF တို့ပါဝင်ပါတယ်။ ** သူတို့ရဲ့အသုံးဝင်ပုံလေးတွေကို ဆက်ပြီးလေ့လာကြည့်ရအောင်ပါ .. .PSD (Photoshop Document) - သူ့ကိုတော့ Photoshop မှာ Layer တွေအများကြီးနဲ့ လုပ်လက်စ Design တွေကို သိမ်းတဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။ သို့သော်လည်း သူ့ရဲ့ Files Size က 2 GB ထိပဲလက်ခံနိုင်ပါတယ်။ ကိုယ်ရဲ့ Design က မပြီးသေးဘူးဆိုရင် .PSD Files Format နဲ့ Save ထားမှ နောင်တစ်ချိန် ပြန်ပြင်ချင်တဲ့အခါမှာ ပြန်ပြင်နိုင်မှာဖြစ်ပါတ