"Photoshop မှာ အသုံးပြုတဲ့ File Format လေးတွေရဲ့အသုံးပြုပုံများ"

** ဒီနေ့မှာတော့ Photoshop အသုံးပြုတဲ့အခါ အသုံးများတဲ့Files Format လေးတွေအကြောင်းကို Share ပေးချင်ပါတယ်။

 အများအားဖြင့် Photoshop မှာ(Layered Files နှင့် Standard Web Files) ဆိုပြီးImage Files Format နှစ်ခုရှိပါတယ်။နောက်ပြီးတော့လဲ16-bit images, 32-bit images ဆိုပြီးတော့လဲရှိတယ်။ ထားပါတော့ ဒီမှာတော့ အသုံးများတဲ့Photoshop Files Format လေးတွေအကြောင်းပဲပြောပြပေးသွားမှာဖြစ်ပါတယ်။**


အဲ့တော့..


1.) Layered Files ထဲမှာဘာFormat တွေပါသလဲဆိုတော့...

.PSD, .PSB, .TIF တို့ပါ၀င်ပါတယ်။

2.) Standard Web Files ထဲမှာတော့ ...

.JPG, .PNG, .GIF တို့ပါဝင်ပါတယ်။


** သူတို့ရဲ့အသုံးဝင်ပုံလေးတွေကို ဆက်ပြီးလေ့လာကြည့်ရအောင်ပါ..


.PSD (Photoshop Document)

သူ့ကိုတော့ Photoshop မှာ Layer တွေအများကြီးနဲ့ လုပ်လက်စDesign တွေကို သိမ်းတဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။ သို့သော်လည်း သူ့ရဲ့Files Size က 2 GB ထိပဲလက်ခံနိုင်ပါတယ်။ ကိုယ်ရဲ့Design က မပြီးသေးဘူးဆိုရင်.PSD Files Format နဲ့ Save ထားမှ နောင်တစ်ချိန် ပြန်ပြင်ချင်တဲ့အခါမှာ ပြန်ပြင်နိုင်မှာဖြစ်ပါတယ်။


.PSB (Photoshop Big)

- PSB Files Format ကလည်း .PSD လိုပါပဲ Photoshop မှာ Layer တွေအများကြီးနဲ့ လုပ်လက်စDesign တွေကို သိမ်းတဲ့အခါမှာ အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့Files Size က 4 GB ထိသိမ်းနိုင်ပါတယ်။

ပြောချင်တာက 2GB ထက်ကြီးတဲ့Photoshop File တွေကိုသိမ်းချင်တယ်ဆိုရင် .PSB Format နဲ့သိမ်းနိုင်ပါတယ်။


.TIF (Tagged-Image File -Format)

သူ့ကိုတော့ အများသိတဲ့အတိုင်း Vinyl Image တွေ၊Offset Printing တွေလုပ်တဲ့အခါ အသုံးပြုပါတယ်။

 သူ့ရဲ့ Files Size က 4GB ထိသိမ်းနိုင်ပါတယ်။ သူ့ရဲ့အားသာချက်ကPhotoshop Application မရှိရင်တောင် သူ့ရဲ့File ကိုဖွင့်ကြည့်နိုင်ပါတယ်။ Photoshop Application နဲ့ ပြန်ဖွင့်ကြည့်ရင်လည်း.PSD, .PSB တို့လိုပဲ အသုံးပြုထားတဲ့ Layer တွေအတိုင်းတွေ့ရပြီး ပြန်ပြင်၊ ပြန်ဖျက်လုပ်နိုင်ပါတယ်။


.JPEG (Joint Photographic Experts Group)

အသုံးများတဲ့ Format တစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့်တော့Camera တွေမှာ Default ထားထားတဲ့ Format ပါ။မြင်သာအောင်ပြောရရင် Photography ဓါတ်ပုံလုပ်ငန်းတွေမှာသုံးပါတယ်။ ဓါတ်ပုံ တစ်ခုလုပ်တဲ့အခါ သူ့ရဲ့Resolution က 300 Pixels ထားပေးရပါတယ်။ ဒါပေမယ့် ပုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပြန်ပြင်တဲ့အခါတစ်ခါပြင်တိုင်း တစ်ခါResolution ကျသွားပါတယ်။ ပုံပြင်ရင်တော့Original ပုံကို Copy လုပ်ပြီးတော့ပဲ ပြင်သင့်ပါတယ်။.JPEG Format က Layer တွေကို Joint လုပ်လိုက်တာဖြစ်တဲ့အတွက် Save ပြီးသွားရင်လိုသလိုပြန်ပြင်လို့မရတော့ပါဘူး။


.PNG (Portable Network Graphics)

- .PNG ကို မိမိ Website တွေမှာ၊ Software တွေမှာ မိမိ Logo ကို အသုံးပြုချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။သူကBackground Transparent ဖြစ်တာကြောင့် အသုံးပြုရအဆင်ပြေပါတယ်။

Social Media တွေမှာ Live Stream လုပ်တဲ့အခါ မိမိ Logo ကို Background မပါဘဲ Logo သီးသန့်လေး ဖြစ်နေတာမြင်ဖူးမယ်ထင်ပါတယ်။ သူ့ရဲ့Files Size ကတော့ 2.7 GB ထိ .JPEG ထက် နည်းနည်း ပိုကြီးကြီး သိမ်းနိုင်ပါတယ်။


.GIF (Graphics Interchange Format (GIF)

- .GIF ကိုတော့ နည်းပညာနဲ့ မစိမ်းတဲ့သူများ ကြားဖူး၊ သုံးဖူးမယ်ထင်ပါတယ်။ သူကLZW-compressed format ကိုအသုံးပြုထားတဲ့အတွက် သေးငယ်တဲ့Video အပိုင်းအစလေးတစ်ခုလိုမျိုး Animation (ပုံရိပ်လှုပ်ရှားမှုလုပ်ပေးပါတယ်။ သူ့ကိုWebsite တွေမှာ အသုံးပြုမယ်ဆိုရင်တော့ Page ရဲ့ load ကို နှေးစေပါတယ်။ မျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင် လှုပ်ရှားနေတဲ့ ပုံရှင်ပေ့ါ။ လူတိုင်းနဲ့ ရင်းနှီးတာကတော့ Hand Phone တွေ၊ Computer တွေရဲ့Background မှာထားတဲ့ လှုပ်နေတဲ့ ပုံလေးတွေပေါ့။Social Media ကြော်ငြာတွေမှာ၊ Presentation တွေမှာ အသုံးပြုတဲ့အခါ ပိုပြီးAttractions ရစေပါတယ်။


ကဲ... , အခုဆိုရင်တော့ Photoshop မှာအသုံးများတဲ့Files Format လေးတွေအကြောင်းကို သိရှိသွားပြီလို့ ထင်ပါတယ်။

photo cedit#

Comments

Popular posts from this blog

အတိုင်းအတာနှင့်တွက်နည်းအမျိုးအမျိုး